♥♥ တိတ်တိတကလေးဆိုပေမဲ့
အလွမ်းကောင်းကင်တစ်ခုလုံး
ငါ့ရင်ထဲ ပြိုဆင်းခဲ့တာပါ…
♥♥ ခံနိုင်ရည်တွေ ပျောက်ရှ
ရင်တစ်ခွင်လုံးဗြောင်းဆန်လို့
ငါဟာ
အမှောင်ထဲက မျက်ကန်းတစ်ယောက်ပေါ့ ……. ။
♥♥ အမေရေ
အဲဒီတံခါးတွေ လော့ခ်ချပေးပါ
ကျွန်တော်အိပ်တော့မယ်……။
♥♥ သစ်နိုင်ပါဦးမလား
အဲဒီအာရုဏ်ဦးတွေ
ရင်ခွင်ဗလာနဲ့ ငါ့အတွက်တော့
အရာရာတိုင်းဟာ
အလွမ်းရောင်သမ်းနေမှာပါပဲ……
♥♥ ငါ့အခန်းထဲက ပြေးထွက်သွားကြတဲ့
အဲဒီမီးခိုးငွေ့တွေကိုငေးရင်း
တစ်လိပ်ပြီး တစ်လိပ်
တစ်ရှိုက်ပြီး တစ်ရှိုက်
ပြူတင်းပေါက်က အလင်းရောင်တွေ
ငါ့ကိုလာနှုတ်ဆက်တော့မှ
ငါ ပစ္စုပ္ပန်ဘဝထဲပြန်ရောက်ခဲ့တယ်….
♥♥ အင်း…..အမေရေ
ဒီတစ်ညလဲ ကျွန်တော်မအိပ်ဖြစ်ပြန်ဘူး…………..။
အလွမ်းကောင်းကင်တစ်ခုလုံး
ငါ့ရင်ထဲ ပြိုဆင်းခဲ့တာပါ…
♥♥ ခံနိုင်ရည်တွေ ပျောက်ရှ
ရင်တစ်ခွင်လုံးဗြောင်းဆန်လို့
ငါဟာ
အမှောင်ထဲက မျက်ကန်းတစ်ယောက်ပေါ့ ……. ။
♥♥ အမေရေ
အဲဒီတံခါးတွေ လော့ခ်ချပေးပါ
ကျွန်တော်အိပ်တော့မယ်……။
♥♥ သစ်နိုင်ပါဦးမလား
အဲဒီအာရုဏ်ဦးတွေ
ရင်ခွင်ဗလာနဲ့ ငါ့အတွက်တော့
အရာရာတိုင်းဟာ
အလွမ်းရောင်သမ်းနေမှာပါပဲ……
♥♥ ငါ့အခန်းထဲက ပြေးထွက်သွားကြတဲ့
အဲဒီမီးခိုးငွေ့တွေကိုငေးရင်း
တစ်လိပ်ပြီး တစ်လိပ်
တစ်ရှိုက်ပြီး တစ်ရှိုက်
ပြူတင်းပေါက်က အလင်းရောင်တွေ
ငါ့ကိုလာနှုတ်ဆက်တော့မှ
ငါ ပစ္စုပ္ပန်ဘဝထဲပြန်ရောက်ခဲ့တယ်….
♥♥ အင်း…..အမေရေ
ဒီတစ်ညလဲ ကျွန်တော်မအိပ်ဖြစ်ပြန်ဘူး…………..။
No comments:
Post a Comment