ငါ့ကိုယ်ငါ မမြင်ရအောင်
မင်းရင်ဘတ်နဲ့
ခဏလောက်ကွယ်ထားပေးစမ်းပါ အချစ်ရယ်
အိပ်မက်တွေကို မော့ကြည့်မိတိုင်း
ဘဝက ဝေး ဝေး သွားလွန်းလို့ .....။
ကိုယ့်ရင်ခုန်သံကို .. မကြားချင်လောက်အောင်
အသိတွေက နာကျင်နေတယ်
တွံတေးသိန်းတန် သီချင်းလို
"မဆုံချင်တော့ရင်လဲ .. နေပါစေဒီတသက်" ပေါ့ ...။
ညတွေ ယစ်မူးစွာကုန်ဆုံးသွားတိုင်း
မနက်လင်းမှာကို ကြောက်နေရတဲ့ ငါ့အဖြစ်
အချစ်မှ မဟုတ်ခဲ့ပဲ ......။
ငါ့ကိုဖြတ်ပြီးစီးဆင်းသွားကြတဲ့
အဲဒီပေတရာလမ်းမတွေ
မင်းကိုကြည့်တဲ့ အကြည့်လောက် မရှည်လျားခဲ့ဘူး
ဒါလဲ အချစ် မဟုတ်ပြန်ဘူး ....။
ယော ... ခက်ရချည်ရဲ့
ဇာတ်သိမ်းကို ကြိုသိနေပြီးသားပြကွက်ကိုမှ
ငါကလဲ တပ်တပ်မက်မက်ထိုင်ကြည့်နေတယ်
အချစ်ရေ
ဒို့တွေ ဝေးကြပါစို့ကွယ် ..... ။
No comments:
Post a Comment