ခရီးတွေ တသော့သော့နှင်နေပေမဲ့
တခါရွှေ့ရင် ခြေတလှမ်းစာပဲ ရွေ့တယ်
အလွမ်းတွေ ခဏခဏပွင့်ဖူးတာကျတော့
ဘာ့ကြောင့် အချိန်တိုင်းဖြစ်နေရတာလဲ ...
နင့်ကိုလွမ်းရင် အိမ်ရှေ့လမ်းမပေါ်
ကောင်းကင်တွေ ကြွေကြွေကျတယ်
တော်ပီ စမ်းတဝါးဝါး မမက်တော့ဘူး
အဲဒီ အိပ်မက်တွေ ရာသီစာဖြစ်နေတာကိုက
ငါတို့ မိုးတွေခေါင်နေကြရတာ...
တကိုယ်ရေစာ ကြပ်တည်းမှုက
မင်းရင်ကို ရောင်ပြန်ဟပ်စေတယ်ဆိုရင်
ဟိုးးးး ခပ်ဝေးဝးမှာ ငါ့ဂစ်တာအိုလေး ထားခဲ့မယ်
ငါ့ကိုသတိရတဲ့အခါ သီချင်းတွေဆိုညည်းပေါ့ ....
ညနေတွေ ဖရိုဖရဲ အိပ်တန်းတက်ကြပြန်အုံးမယ် အိမွန်ရေ
နင့်ကိုချစ်ရတဲ့ ပုံပြင်တွေ ရှည်လျားလွန်းလို့
ငါ့ ပြတင်းတံခါးတွေကို စကားသင်ပေးနေတယ်
ငါကတော့ ကောင်းကင်တခွက်စာလောက်
ကြိတ်မှိတ်မျိုချရင်း
နင်ဖန်ဆင်းတဲ့ ညထဲ ခဏလောက် ပျော်ဝင်လိုက်အုံးမယ် ..။
No comments:
Post a Comment