နာကျင်ပါစေတော့ဆိုတဲ့ ဆန္ဒနဲ့
ဘယ်မြှားတွေကိုမှ ငါ မပစ်ခွင်းခဲ့ပါဘူး
ကိုယ့်ကိုယ်ကိုခင်းပြီးလျှောက်ရတဲ့ လမ်းတွေက
ဘယ်မှမရောက်နိုင်မှန်းသိလို့
ခရီးဖော်တွေကို ဧည့်ဝတ်မကျေခဲ့မိတာပါ
အဲဒါကို ငါ ရိုင်းတယ်ထင်ရင်
ငါ့ကို ကွေကွင်းသွားကြပါ .. လှောင်ပြုံးသွားကြပါ
ဘယ်သူ့အတွက်မှမကောင်းတဲ့ .. အတိတ်သီချင်းတွေကို
ဘာကြောင့် သံပြိုင်ဆိုနေချင်ကြသေးတာလဲ
ကိုယ့်သမိုင်းကိုရေးမယ့် .. လက်တွေကိုရော
ဘာအတွက်ကြောင့် .. သူများမျက်ရည်သွေးတွေ စွန်းစေနေအုံးမှာလဲ
ကိုယ့်ခရီးကိုယ်သာ အဆင်ပြေပြေဆက်ကြပါ
နေဝင်ရင် အိပ်စက်ကြရမဲ့အတူတူ
လုပ်စရာရှိတာကိုပဲ လုပ်ကြပါတော့
မပြေလည်ခြင်းတွေနဲ့ အသားကျတဲ့ ငါ့မှာ
အိပ်မက်တွေလဲ ... သဲတရှရှပါပဲ
သက်ဆိုင်သူတို့ရေ
အခင်အမင်မပျက် .. အမုန်းမဖက်ပဲ
ပစ္စုပ္ပန် ပုံပြင်ကို
ငါတို့အတူတူ ထိုင်ကြည့်ကြပါစို့နော် .....။
No comments:
Post a Comment