အထိအရှလွယ်တဲ့ ငါ့ခံစားမှုတွေက
ငါ့ကို အခါခါ အိပ်ပျက်စေတယ်
ရုတ်တရက် ထကြည့်ပြန်တော့လဲ
အိပ်မက်တွေက
ကစဥ့်ကလျား ကျကွဲနေပြန်တယ်
အားလုံး " အပြာရောင်တွေ " ချည်းပါပဲ
ဟူးးးး .. ရင်နဲ့မဆံ့အောင်ပါပဲကွယ် ...။
ရင်ဘတ်က မိုးတိမ်ဆိုရင်
အဲဒီမိုးတွေကို အခါခါညို့စေတာက
ကံတရားလား ....။
အချစ်ရေ
မင်းရဲ့ရယ်သံတွေမှာ " မုသားတွေ "
ရောနေရော့သလားကွယ်
ငါ့ကောင်းကင်မှာ တိမ်တွေ
ခဏခဏ ညိုရတယ် .....။
လွမ်းတတ်တာကို လှောင်ပြောင်တတ်တဲ့
လောကက
မသေချာမှုတွေနဲ့ နှစ်သိမ့်နေပြန်သေးတယ်
အင်း .. တော်တော်ပဲ တရားကျဖို့ကောင်းပါတယ် ...။
ဘာပဲဖြစ်ဖြစ်ပေါ့လေ
မင်းနင်းလျှောက်ဖို့ ရင်တခွင်လုံး
ဖြန့်ခင်းပေးထားပြီးမှတော့
မင်း ခြေဆောင့်တာလောက်ကို
နာကျင်မိမယ် မထင်တော့ပါဘူး
ဒါပေမဲ့
မင်းအတွက်တော့ တန်ဖိုးရှိချင်မှ ရှိမှာပါ
မင်းပြောသလို
0
0
0
0
0
0
0
0
ပေါ့ကွာ .... ။
ဟော .. ပြောရင်းဆိုရင်းပဲ
ငါ့ရင်ခွင်တောင်ကုန်းမှာ
တိမ်မိုးတွေ ညိုလာပြန်ပီ အချစ်ရယ်
ငါ့ မျက်ရည်တွေ မရွာသွန်းခင်
ငါ .. ခဏလောက် ရှောင်ပုန်း နေလိုက်ပါအုံးမယ် ...။
No comments:
Post a Comment