ဘယ်သူတွေလာရဲသလဲ
ကိုယ့်ကိုယ်ကိုခင်းပြီးအိပ်ရတဲ့ငါ့ဘဝထဲကို
ဒုက္ခတွေနဲ့ဧည့်ခံရတာ.. ကြာလာတော့
ငါလဲမျက်နှာပူလှပေါ့..
ဘဝတွေကြမ်းတမ်းလိုက်ပုံများ
သက်ပျင်းတွေပြုတ်ကျတာတောင်
မကောက်အားဘူး
မငိုဘဲကျတဲ့မျက်ရည်
ရင်ထဲကအပူငွေ့နဲ့တင်
ခမ်းခြောက်ပျောက်ကွယ်နိုင် ရဲ့ …..။
ကိုယ့်ကိုယ်ကိုခင်းပြီးအိပ်ရတဲ့ငါ့ဘဝထဲကို
ဒုက္ခတွေနဲ့ဧည့်ခံရတာ.. ကြာလာတော့
ငါလဲမျက်နှာပူလှပေါ့..
ဘဝတွေကြမ်းတမ်းလိုက်ပုံများ
သက်ပျင်းတွေပြုတ်ကျတာတောင်
မကောက်အားဘူး
မငိုဘဲကျတဲ့မျက်ရည်
ရင်ထဲကအပူငွေ့နဲ့တင်
ခမ်းခြောက်ပျောက်ကွယ်နိုင် ရဲ့ …..။
ချစ်သူ
မင်းအချစ်နဲ့
ငါ့ကောင်းကင်တွေလင်းလက်နိုင်တယ်ဆိုရင်
ငါ့ဒုက္ခကြောင့်
မိုးတိမ်တွေမညို့စေချင်တာ
ဘယ်သူအတ္တကြီးတာလဲ….
“မခေါ်ရက်ဘူး” ဆိုတာ
သီချင်းစာသားသက်သက်တော့မဟုတ်ပါဘူး
နှလုံးသားရဲ့ပြယုဂ်တစ်ခုပါ ......။
မင်းအချစ်နဲ့
ငါ့ကောင်းကင်တွေလင်းလက်နိုင်တယ်ဆိုရင်
ငါ့ဒုက္ခကြောင့်
မိုးတိမ်တွေမညို့စေချင်တာ
ဘယ်သူအတ္တကြီးတာလဲ….
“မခေါ်ရက်ဘူး” ဆိုတာ
သီချင်းစာသားသက်သက်တော့မဟုတ်ပါဘူး
နှလုံးသားရဲ့ပြယုဂ်တစ်ခုပါ ......။
ကောင်မလေးရေ
ဒို့အချစ်တွေနဲ့
ဘဝကိုပစ်စလက်ခတ် " ရဲ" လိုက်ကြပြီဆိုပါစို့
အချိန်တန်လို့ အချစ်တွေအငွေ့ပျံသွားရင်
မင်းရောငါရောရင်ကွဲမယ်…..။
ဒို့အချစ်တွေနဲ့
ဘဝကိုပစ်စလက်ခတ် " ရဲ" လိုက်ကြပြီဆိုပါစို့
အချိန်တန်လို့ အချစ်တွေအငွေ့ပျံသွားရင်
မင်းရောငါရောရင်ကွဲမယ်…..။
No comments:
Post a Comment