ဘဝကို
သပ်သပ်ရပ်ရပ်လေး .. ထုတ်ပိုးမိကာမှ
ဖရိုဖရဲအနားစတွေ .. ကန်ထွက်လာရသလိုပေါ့ ..
အလွမ်းတွေ
ရက်ရက်ရောရောပူတယ် .....။
ခရီးတွေ , အိပ်မက်တွေ , မျှော်လင့်ချက်တွေ
အစီအစဉ်တကျ စီးဆင်းနေတာများ
နှေးသွားလိုက် မြန်လာလိုက်နဲ့
ငါ့ကို ကျော်တက်သွားတဲ့ သတိရခြင်းတွေက
တခါတခါ လက်ပြနှုတ်ဆက်လို့ .... ။
အချစ်ရေ
ဒို့တွေ အိတ်သွန်ဖာမှောက်
ချစ်ခဲ့ကြပြီးပြီလား .......။
မင်းမျက်ရည်တွေကို တစ်ရှိုက်မတ်မတ်နမ်းရဲတဲ့အထိ
မင်း ငါ့ကို ချစ်တယ်
စက္ကန့်မလတ် ငါ့အတွေးတိုင်းမှာ
မင်းပဲ အမြဲစိုးမိုးထားတယ်
အချစ်ရေ
ဒို့တွေ အိတ်သွန်ဖာမှောက် ချစ်ကြပြီလား .....။
No comments:
Post a Comment