ဘဝဆိုတာ ရိုးရိုးလေးပါပဲ .. ချစ်လေးရေ
အိပ်မက်တွေကို အတိုးချစားသုံးဖို့
နေ့ခင်းအလင်းရောင်တွေကို
ရက်ရက်ရောရော ... ပေးကမ်းပစ်လိုက်ရတာပဲဟာ
ငါ့ကိုနမ်းဖို့အတွက် ... မင်းနှုတ်ခမ်းတွေ ဘာလို့ ဆွံ့ အ နေသေးတာလဲ
ကန္တာရတွေပူလောင်ရတာဟာ
အိုအေစစ်လေးတွေကြောင့်ဆိုရင် မင်းငြင်းမလား
အဲလိုပဲ ငါ့အလွမ်းတွေလဲ မင်းနဲ့ဝေးကွာရခြင်းတွေကြောင့်
ခပ်နွမ်းနွမ်းလေး ပူလောင်နေ၇တယ် ..
ချစ်လေးရေ
မျက်လုံးလေးတွေ မှိတ်ထားပေးပါကွယ်
အတွေးထဲမှာပဲ ခပ်စူးစူးလေးနမ်းပါရစေ
ညနေတခုလုံး ထုံမွှန်းသွားအောင်
မင်းရဲ့ရင်ခုန်သံတွေနဲ့ ဖြန့်ကျက်ပစ်လိုက်စမ်းပါ
ရှက်နေသေးလား ........ အချစ်ရယ်
မိုးကုတ်စက်ဝိုင်းနဲ့ ...... အဲဒီလိပ်ပြာလေးတွေ မျက်နှာလွှဲထားကြမှာပေါ့
ရှက် .......... တော့ ....... နဲ့ ........... နော် .........။

No comments:
Post a Comment