Saturday, 15 September 2012

ဆည်းဆာရောင်လမ်း




ကောင်းမလေးရေ

အဲဒီလေပြေတွေ

မခို့တရို့ပျံသန်းနေပုံက

ငါ့ရင်ကိုဖွဖွလေးခုန်စေတာပါ  ...။


ညတွေ

ညင်ညင်သာသာပြုံးကြတာများ

မင်းကမ်းတဲ့

ပန်းတစ်ပွင့်လောက်လှတယ် ...။


မျှော်လင့်ချက်တွေ

အသက်ဝင်တောက်ပဖို့

အိမ်မက်တွေတနင့်တပိုးသယ်ဆောင်ရင်း

ဆည်းဆာရောင် ငါ့ရဲ့အပြန်လမ်းမှာ

ငါ

အလွမ်းတစ်ခြင်းစာခူးဆွတ်ခဲ့တယ်. ....။




No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။