အိပ်မက်တွေ လက်ကျန်အဖြစ်နဲ့ ဆက်မက်မိတာ
ငါသွေးရူးသွေးတန်း ဖြစ်နေလို့လား
နောက်ဆုံး မျှော်လင့်ချက်ကလေးနဲ့
အသက်ရှူမိပါတယ်
အဲဒီနေ့က တလောကလုံး လေမတိုက်ဘူး
ငါ့ရဲ့ခပ်ယဲ့ယဲ့မျှော်လင့်သံထက် မင်းရယ်သံတွေက ပိုကျယ်လွန်းခဲ့တယ် ..။
ငါသွေးရူးသွေးတန်း ဖြစ်နေလို့လား
နောက်ဆုံး မျှော်လင့်ချက်ကလေးနဲ့
အသက်ရှူမိပါတယ်
အဲဒီနေ့က တလောကလုံး လေမတိုက်ဘူး
ငါ့ရဲ့ခပ်ယဲ့ယဲ့မျှော်လင့်သံထက် မင်းရယ်သံတွေက ပိုကျယ်လွန်းခဲ့တယ် ..။
ငါ့အတွက် ခံစားမှုတွေ စိုးစင်းမျှမကျန်တော့တာလား
ဘဝကို အသိနဲ့ လှည့်စားလိုက်တာလား
ဘယ်လိုပဲပြောပြော
မင်း သိပ်ပီပြင်လွန်းပါတယ်
ငါသာ မင်းလောက်မရင့်ကျက်သေးတော့
ရင်ခွင်ပိတ်ပြီး အသံတိတ် ငိုခဲ့ရတာ .. နာမှန်းတောင် မသိလိုက်ဘူး ...။
ဘဝကို အသိနဲ့ လှည့်စားလိုက်တာလား
ဘယ်လိုပဲပြောပြော
မင်း သိပ်ပီပြင်လွန်းပါတယ်
ငါသာ မင်းလောက်မရင့်ကျက်သေးတော့
ရင်ခွင်ပိတ်ပြီး အသံတိတ် ငိုခဲ့ရတာ .. နာမှန်းတောင် မသိလိုက်ဘူး ...။
အိုကေပါ ချစ်သူ
ငါကတော့ မင်းရောက်လာခဲ့ရင်ဆိုတဲ့ ခံစားမှုလေးနဲ့ပဲ
ငါ့နေ့တွေကို မင်းအတွက် ရှင်သန်အုံးမယ်
မင်း ညီးငွေ့ပူလောင်တဲ့အခါ
ငါ့ရင်ခွင်ရိပ်ကို သတိရပါ ...။
ငါကတော့ မင်းရောက်လာခဲ့ရင်ဆိုတဲ့ ခံစားမှုလေးနဲ့ပဲ
ငါ့နေ့တွေကို မင်းအတွက် ရှင်သန်အုံးမယ်
မင်း ညီးငွေ့ပူလောင်တဲ့အခါ
ငါ့ရင်ခွင်ရိပ်ကို သတိရပါ ...။