တို့အတူလျှောက်ခဲ့ကြတာပေါ့
အဲဒီတိမ်ပြာရောင်ပလက်ဖောင်းတွေေ ပ်ါမှာ
မင်းလက်နဲ့ဆုပ်ကိုင်ထားတဲ့ အပြုံးတစ်ပွင့်ရယ်
မင်းအသက်ရှူသံတိုးတိုးရယ်က
ကမ္ဘာနဲ့အပြိုင်
ငါ့နှလုံးသားကို ဆွဲငင်တယ် ...။
အဲဒီတိမ်ပြာရောင်ပလက်ဖောင်းတွေေ ပ်ါမှာ
မင်းလက်နဲ့ဆုပ်ကိုင်ထားတဲ့ အပြုံးတစ်ပွင့်ရယ်
မင်းအသက်ရှူသံတိုးတိုးရယ်က
ကမ္ဘာနဲ့အပြိုင်
ငါ့နှလုံးသားကို ဆွဲငင်တယ် ...။
အပျော်တွေနွေးထွေးလိုက်တာများ
ဒီဇင်ဘာနှင်းတွေတောင် ငိုခဲ့ကြကွယ့် ...
လေပြေတွေက တို့ချစ်ခြင်းကိုဘာသာပြန်လို့
ဥသြတွေ ထပြန်သွားလေရဲ့ ...။
ဒီဇင်ဘာနှင်းတွေတောင် ငိုခဲ့ကြကွယ့် ...
လေပြေတွေက တို့ချစ်ခြင်းကိုဘာသာပြန်လို့
ဥသြတွေ ထပြန်သွားလေရဲ့ ...။
ငါက ကဗျာတစ်ပုဒ်ကိုဆိုတယ်
ချစ်သူက ကာရံတစ်ပုဒ်ကိုထပ်ပြန်တော့
တေးဆိုငှက်တွေ
မျက်စောင်းမာန်ခဲ ထပြန်သွားပြန်တယ် ...။
ချစ်သူက ကာရံတစ်ပုဒ်ကိုထပ်ပြန်တော့
တေးဆိုငှက်တွေ
မျက်စောင်းမာန်ခဲ ထပြန်သွားပြန်တယ် ...။
ဒီလိုနဲ့ပဲ ... နင်ရယ် ငါရယ်
ပန်းသီးတွေ ရနံ့လှိုင်တဲ့ " အေဒင်ရယ် "
ရာသီတွေကို စားသုံးပစ်လိုက်တယ် .....။
ပန်းသီးတွေ ရနံ့လှိုင်တဲ့ " အေဒင်ရယ် "
ရာသီတွေကို စားသုံးပစ်လိုက်တယ် .....။
(သစ်ရွက်+သစ်ပင်)
No comments:
Post a Comment