ခက်လိုက်တာ ကလေးရယ်
ဝင်ဝင်မလာပါနဲ့ဆိုမှ
အတွေးထဲရောက်လာပြီး ရင်ခုန်သံတွေ ခိုးခိုးသွားတယ်
မင်းကြောင့်တော့ခက်ပါတယ် ...။
ငါလိုလူအတွက် မင်းရဲ့အချိန်တွေမကုန်ပါစေနဲ့ ကလေးရယ်
တဘဝစာလွမ်းဖို့အတွက် တို့တွေခဏလေးထပ်နေကြမယ်
ရင်တစ်ခွင်စာလောက် စကားတွေပြောပြီးရင်တော့
မင်း သွားပါတော့ ကလေးရယ်
ငါ့ကို မငြိတွယ်ချင်ပါနဲ့ .....။
ကဗျာတွေလဲ ထပ်မရေးပါရစေနဲ့
သီချင်းတွေလဲ ထပ်မဆိုပါရစေနဲ့
မင်းမျက်နှာကိုလဲ ထပ်မမြင်ပါရစေနဲ့တော့
ငါ့ကို ဝီစကီတစ်ခွက်သာ ပေးပါ လောကရေ ...။
ရင်တစ်ခွင်စာလောက် စကားတွေပြောပြီးရင်
တစ်ဘဝစာလောက် ခဏလေးဝေးကြစို့ အချစ်ရယ်
မင်းရင်ထဲမှာ ငါရှိနေတဲ့ကမ္ဘာရောက်ရင်
မင်းနဲ့ငါ ဆုံဖြစ်ကြမှာပါ
အခုတော့ အချစ်ရယ်
တစ်ဘဝစာလောက်လေးပဲ ဝေးနေကြပါအုံးစို့ကွယ် .....။
No comments:
Post a Comment