ဟို ဝေးဝေးကဥသြသံ
ငါ့ရင်ကိုချီဆောင်မယ့်အိပ်မက်လေလား
မှိုင်းညို့ညို့ကောင်းကင်တစ်ခုလုံးလဲ
အလွမ်းတွေသာဖုံးလို့ .....။
ဘေးနားကမပြေလည်မှုတစ်ချို့
ရင်းနှီးဖို့ကမ်းလှမ်းလာတဲ့အချိန်
ငါကတော့
ခပ်ရင့်ရင့်နေရောင်အောက်မှာပဲ
ကိုယ့်ကိုယ့်ကိုယ်အေးမြဖို့
ကြိုးစားနေရတယ် .....။
တွယ်တာခြင်းလေးရေ
တစ်ကန္တာရလုံးမစိမ်းလန်းရင်တောင်
ငါ့နေ့တွေစုန်ဆန်ကူးခတ်ဖို့
မင်းခြွေမယ့် မိုးတစ်စက်နဲ့တင် လုံလောက်ပါတယ် ....။
စိမ်းဖန့်ဖန့်သတိရခြင်းတွေကတော့
မလွမ်းတတ်ဘူးလို့ မင်းထင်တဲ့ ငါ့ရဲ့ညနေတွေနဲ့
ရိုးရိုးသားသား နေသားကျမြဲပါပဲ .....။
ကဲ .... မဲဇာသူရေ
တောင်စွယ်မှာလဲ နေကွယ်ခဲ့ပြီ
ရှေ့နားကလမ်းလေးလဲ
သူ့ကိုယ်သူငုံ့ကြည့်ရင်း အိပ်မောကျခဲ့ပြီမို့
ငါ့ရဲ့စီရင်ခန်းကို ကျိုးနွံစွာပဲ ဆက်ပါရစေအုံး
ဒါပေမဲ့ အဲဒီညထဲမှာလဲ ငါ့အတွက်
ကြယ်တာရာတွေ ခရီးထွက်ကြအုံးမှာပါ ..... ။
No comments:
Post a Comment