တိတ်တိတ်လေး .. လမ်းခွဲခဲ့ကြပေမယ့် .. ငါ့ရင်မှာတော့ ကမ္ဘပျက်သလို .. ဆူညံခဲ့တာပါ
တစတစနဲ့ .. ငါတို့ ဝေးသွားကြသလိုပဲ ... ငါ့ခရီးတွေကို .. မသိစိတ်တွေနဲ့ ပျံသန်းလိုက်ရတယ် ..
အတိတ်ဟာ အရိပ်ဆိုပေမဲ့ ... ခဏခဏထုတ်ပြချင်စရာမကောင်းတဲ့ .. ပုံရိပ်တွေဖြစ်မဲ့အတူတူ
ငါ့အတိတ်ကို .. ငါကိုယ်တိုင်ပဲ ကန့်လန့်ကာ ချလိုက်ပါရစေ .. ငါ့ဘဝထဲကို .. မင်းလာနိုင်မှာ
မဟုတ်သလို .. မင်းဘဝထဲကို ငါဝင်လာဖို့ဆိုတာလဲ .. အိပ်မက်လိုပါပဲ .. ဘာလို့လဲဆိုတော့
ဒို့လမ်းတွေက .. မစခင်ကတည်းက .. ဆုံးနေပြီးသားမို့ပါ ...
ကောင်းခြင်းတွေနဲ့ .. ကံမစပ်တဲ့ငါက .. မကောင်းတာတွေကိုပဲ ထပ်လုပ်မိနေတာလား ..
ကံတရားက ... စီမံပေးနေတာလား ဆိုတာ ... ငါ့ကိုယ်စား .. မင်းပဲ ... ပြောပါတော့ ....
ဘကြီးရေ ...
ဘကြီးတို့ခေတ်ကလို .. သုံးနှစ်သုံးမိုး ပိုးပန်းခဲ့ရတာ .. မဟုတ်ပေမဲ့ .. အဲဒီသုံးနှစ်သုံးမိုးထက်
မကတဲ့ ..ခံစားချက်တွေ .. ကျနော့ ရင်ဘတ်မှာ ဖြစ်တည်ခဲ့တယ် .. ဆိုရင် ဘကြီးယုံမလား ...
မရီပါနဲ့ ဘကြီးရာ ... မြေးလဲ ခံစားတတ်တာပါပဲဗျ ... ဒါပေမဲ့ .. ဟန်ဆောင်လိုက်တယ် ..
သိပ်မောတယ် ဘကြီးရာကိုယ့်ကိုယ်ကို ညာရတဲ့ ဒုက္ခလောက် .. လောကမှာ ဆိုးတာ မရှိဘူးထင်တယ် ...
ဒါပေမဲ့ .. ကျနော်တို့တကယ် မပွင့်လင်းခဲ့ကြပါဘူး ... သံသယတွေ ဒါမှမဟုတ် မသိခြင်းတွေ ဒါမှမဟုတ်
ဘာမှန်းမသိတာတွေ ...ဒါမှမဟုတ် ဘာမှမရှိခြင်းတွေ .. အဲဒါတွေနဲ့ပဲ .. နေ့တွေကုန်ဆုံးသွားကြတယ် ..
ကျနော်ကိုယ်တိုင်လဲ ..ကိုယ့်ကိုယ်ကို ဘာမှန်းမသိတော့ဘူး .....
အခုတော့ ကျနော့ကို ချစ်ကြတဲ့သူတွေ .. ကျနော်က ချစ်တဲ့သူတွေ ... အားလုံး .. အားလုံး ...
ကိုယ်စီဒဏ်ရာလေးတွေမရှိစေဖို့ပဲ .. ကျနော်ဆုတောင်းတော့မယ် ... အားလုံးအဆင်ပြေပါစေ
No comments:
Post a Comment