Saturday, 15 September 2012

တိမ်လိုလူ



မျောလွင့်နေအုံးမှာပါ

ငါ့ဝိညာဉ်တည်ရှိနေသရွေ့

လေနှင်ရာသင့်ရတဲ့ငါ့ဘဝ

ဘယ်ကမ်းတင်လို့   ဘယ်သောင်နားနားပေါ့.  ....။


အိပ်မက်မိုးတွေ တဖြိုင်းဖြိုင်းရွာဖို့

ငါ့ကိုယ်ငါအန်ထုတ်လာပြီးမှ

ဒုက္ခတစ်ခွက်စာမျိုချဖို့လောက်ကို

ငါ မတုန်လှုပ်တော့ပါဘူး

ဒါပေမဲ့ လောလောဆယ်အချိန်အထိ

ငါနားမယ့်သောင်ကမ်းပါးတွေ

မီးမထွန်းကြသေးသလို

ငါသွားမယ့်လမ်းတွေလဲ

မှောင်လို့ကောင်းနေတုံးပါပဲ .....။


လောကရေ

ငါ့ညတွေနက်လွန်းနေလားကွယ်

ကိုယ့်ကိုယ်ကိုသီကုံးဖို့လောက်တော့

ငါ

လင်းလက်နိုင်သေးတယ်ထင်ပါရဲ

ဘာပဲဖြစ်ဖြစ်

ငါ့အနားမှာဘယ်သူမှမရှိကြတော့ရင်တောင်

အနည်းဆုံးတော့

ငါသွားရာလိုက်ကြည့်နေမယ့်လမင်းကြီးရယ်

ငါ့ကိုချော့သိပ်မယ့်ကမ္ဘာမြေကြီးရယ်

ရှိနေကြသေးတာပဲ.....။




No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။