အချစ်ရေ ....
အိပ်မရတဲ့ .. ညတွေ .. များပြီကွယ် ...။
သတိတရနဲ့ပဲ .. ခဏမေ့ထားလိုက်ရတဲ့ .. မနေ့ကအတိတ်တွေက .. တခါတခါ ရှေ့ဆက်ဖို့
တွေးလိုက်တိုင်းငါ့ရှေ့မှာ .. ခလုတ်လာတိုက်ကြတယ် ... ။
ပြင်လို့မရအောင် .... နေသားကျနေတဲ့ .. အဲဒီအတိတ်တွေကို ... ငါ့အိပ်မက်တွေမှာ ..
မပါစေချင်တာ .. အမှန်ပါ ..အဲဒီအတိတ်တွေကြောင့် .. မင်းရယ်သံလေးတွေ ..
ခြောက်ခမ်းမသွားစေချင်တာလဲ .. ငါ့ဆန္ဒပါပဲ ...
ကြားဖူးတဲ့ .. သီချင်းတပုဒ်လို .. နေညိုရင် ဒို့ဝေးရမှာ သိပေမဲ့ .. နေမညိုခင် ..
အချိန်လေးအထိတော့ ..ရင်ခုန်သံတွေ .. လတ်ဆတ်နေပါရစေအုံးကွယ် ... ။
မင်းကို ငါ .... သီးခြားရင်ဘတ် ... သီးခြား ခံစားချက်တွေနဲ့ ... ချစ်ခဲ့တာ ..
အဲဒီအချစ်မှာ ..ယုံကြည်ခြင်း .... မယုံကြည်ခြင်းတွေ မရှိဘူး .... မျှော်လင့်ခြင်း ...
စွန့်လွတ်ခြင်းတွေလဲ ... မရှိဘူး ...ချစ်တယ်ဆိုရုံလေးပဲ .. ချစ်ခဲ့တာပါ ...
မင်း နားလည်နိုင်လောက်မယ်လို့ .. ငါ .. ယုံကြည်ပါတယ် ...
အချစ်ဆိုတာ .. သိပ်ရိုးသားလွန်းပါတယ် .. အချစ်ရယ် ..။
အဲဒီ .. ငါ ယုံကြည်ထားတဲ့ ကမ္ဘာထဲမှာ .. မင်းရယ် ငါရယ် ကလွဲရင် ဘာမှ မရှိပါဘူး ..
ဒို့နှစ်ယောက်ထဲရယ် ...တခါတခါ မင်းပျောက်သွားတဲ့အချိန်တွေမှာ ..
ငါတယောက်ထဲ .. ကျန်မယ် ..ငါ ပျောက်သွားတဲ့အခါ မင်းတယောက်ထဲရှိမယ် ...
အဲလိုကျန်ခဲ့ချိန်တိုင်းမှာလဲ .. ကျန်ခဲ့တဲ့သူက .. သူ ပြန်လာတဲ့အချိန်ထိ ..
မငိုကြွေးပဲစောင့်ကြရင်းနဲ့ .. ရင်ခုန်သံတွေကို .. အဆက်စေပေါ့ အချစ်ရယ် ..
ပျော်ပါစေ .. အချစ်ရယ် ......။
အိပ်မရတဲ့ .. ညတွေ .. များပြီကွယ် ..။
Missing someone is
a nagging feeling
No way of releasing
No way of releasing
But silently squealing
Regretting decisions
Regretting decisions
that were previously made
Now I’m dying inside,
Now I’m dying inside,
while you’re so far away
amon
amon
No comments:
Post a Comment