ကောင်မလေးရေ ....
ဒို့တွေလမ်းခွဲခဲ့ကြပေမဲ့ ... တကယ်ရော .. ကွဲကွာသွားကြရဲ့လား ..
မင်းကို ငါ သိပ်သတိရနေသေးသလို ... မင်းနှုတ်ဖျားမှာလဲ .. "မောင်" လို့ ခဏခဏ
ခေါ်နေအုံးမှာ .. ငါ သိနေတယ် ... ဒါပေမဲ့ .. ကြိုးစားပြီးမေ့ပစ်ပါ ..
"မေ့လိုက်ပါတော့" မပြောရက်ပေမဲ့ .. သတိတရနဲ့ပဲ မေ့ထားလိုက်ပါကွယ် ...
တို့နှစ်ယောက်ပြတ်ပြတ်သားသားချစ်ခဲ့ကြပြီးပြီပဲ .... တို့ရွေးချယ်ခဲ့တဲ့လမ်းကို ..
ဒို့နှစ်ယောက်ပဲ .. လျှောက်ရမှာပေါ့ ..ငါ့အတွက် .. ငါ အဆင်ပြေဖို့အတွက် ... မင်းက ရင်ခွင်အသစ်ကိုရှာလိုက်တယ် ... ငါက မလွတ်မလပ်နဲ့ ... မင်းကို လွမ်းရတယ် ... ဒါပေမဲ့ ..
အဲဒီလူရဲ့ရင်ခွင်ထဲကနေ .. မင်းလဲငါ့ကိုလွမ်းနေတယ်ဆိုတာ .. ငါခံစားလို့ .. ရပါတယ်
မျက်ရည်တွေနဲ့ပြုံးနေတဲ့ .. မင်းကို အတွေးထဲမှာ ငါမြင်နေရတယ် ...
ကြာလာရင်တော့ တို့ရဲ့အဖြစ်ပျက်တွေကို မင်းမေ့သွားမှာပါ ... မေ့နိုင်ပါစေလို့လဲ ..
ငါ ဆုတောင်းပါတယ် .သူ့ရင်ခွင်ထဲမှာ မင်းပျော်လာမှာပါ ... မတော်တဆတို့တွေတွေ့ခဲ့ကြရင် ...
ငါ့ကို မင်းအကိုလို .. မင်းရဲ့သူငယ်ချင်းလိုမင်းရဲ့ဘဝအမောတွေကို .. တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ... ဘာလို့လဲဆိုတော့ .. မင်းဘဝထဲမှာ ငါက ပုံစံတမျိုးမျိုးနဲ့
ရှိနေရအုံးမယ်လေ ... ငါ မရှိရင် အသက်မရှင်ချင်တဲ့မင်းအတွက် .. ငါ ရှိကိုရှိနေရအုံးမှာပေါ့ .. အစစအဆင်ပြေပါစေ ..ကောင်မလေးရယ် ... တခါတခါသိပ်သတိရတယ် ....။
တို့တွေအပြီးသတ် လမ်းခွဲဖို့အတွက်
ငါ့အတွေးထဲက မင်းပုံရိပ်လက်ကျန်တွေ
လာပြန်ယူသွားလှည့်ပါ .. ငါ မမြင်ရဲတော့လို့ ...။
မခေါ်မပြောမိအောင် နေပေမဲ့
ငါ့နှလုံးသားမှာ မင်းအသံတွေပဲကြားနေရတယ်
နဲနဲလောက်ဝေးဝေးနေပေးပါကွယ်
ငါ့မျက်ရည်တွေခမ်းတော့မယ် .....။

No comments:
Post a Comment