Monday 23 March 2015

****** Lin Waa (သို့ ) လင်းဝါ ******


လင်းဝါ
ထူးထူးခြားခြား နာမည်လေးနဲ့
စကားလုံးတွေကြား လမ်းလျှောက်ရင်း
ရင်းနှီးခဲ့သူ

လင်းဝါ
အိပ်မက်တွေ ထပ်တူမကျပေမဲ့
ခံယူချက်တွေ ချခင်းပြီး လျှောက်တဲ့လမ်းမှာ
ကိုယ့်နေရာကိုယ်နေရင်းနဲ့
သဘောထားတူသူ

လင်းဝါ
တယောက်ခံစားချက်ကို တယောက်ကနားထောင်ရင်း
ရန်တွေ့လိုက် ဆုံးမလိုက်နဲ့
ငယ်ငယ်ကမတွေ့လိုက်ရတဲ့
ငယ်ပေါင်းတယောက်လို
ဖြူဖြူစင်စင် ချစ်စရာကောင်းသူ

သူပေါ့
ကျနာ့ကို ခင်မင်ရင်းနဲ့ သူ့ကိုယ်သူလဲ ခင်တတ်သူ

သူပေါ့
ကလေးဆန်ဆန် လူကြီးစကားပြောရင်း
ကျနော်နဲ့ အမြင်ချင်းဖလှယ်နေတတ်သူ

သူပေါ့
ဟာသတွေကြားမှာပဲ
ဝေဒနာတွေ ချရေးတတ်သူ

သူပေါ့
မိန်းမဆန်ဆန် မာနတွေဆုပ်ကိုင်ရင်း
ယေင်္ကျားတယောက်ရဲ့စိတ်နဲ့  ပြုံးတတ်သူ

သူပေါ့
သူငယ်ချင်းဆိုတဲ့ အရသာကို
ကျနော့အတွက် ဖန်တီးပေးတတ်သူ

သူပေါ့
ကျနော် ဘီယာသောက်ရင်တောင်
ဘေးနားက စကားပြောရင်းထိုင်ပေးတတ်သူ

လင်းဝါရေ
ရှေးလူကြီးတွေပြောတဲ့ မိတ်ဆွေကောင်းဟာ
ရတနာတစ်ပါးဆိုရင်
နင်ဟာ ငါ့ရဲ့ ရတနာလေးပေါ့
ပြောနေကျအတိုင်း ပြောပါရစေ
နင်ပျော်စေ  ရွှင်စေ
လိုအင်ပြည့်စေပေါ့ကွယ် .....။



No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။