ကဗျာလိုက်တမ်းကစားတဲ့နေ့က
ပြေးရင်းလွှားရင်း
ခံစားချက်တွေ ကျကျကွဲတယ်
ကဗျာကို "ကဗျာ" လို့ခေါ်တော့
ငါနားမလည်တဲ့ဘာသာစကားနဲ့ပြန်ကြည့်တာ
ညအရောင်ထွက်တဲ့ စမ်းချောင်းလို
အကြည့်တွေ ကြည် ............. လဲ့ ..
လအသေတွေမျာပါလာတဲ့ အဲဒီစမ်းချောင်းလေးကို
ငါက ငေးတယ်
ကဗျာကတော့
စမ်းချောင်းရင်ကွဲသံတွေ ဆယ်ယူပွေ့ဖက်ရင်း
ဒဏ်ရာတွေအန်ချနေရတာ
နီးသွားလိုက် .......... ဝေးသွားလိုက်
ငါ့ညထဲမှာ ကောင်းကောင်းမသာနိုင်ခဲ့တဲ့
တခါတုန်းက လရိပ်ကလေးလဲ
ဝေဒနာတွေ
နာလာလိုက် ............... ချိုလာလိုက်
အဲဒီညက
ငါ့ရင်ဘတ်ပေါ်မှာ ငါကိုယ်တိုင်
ကဗျာတွေမျှားဖြစ်ခဲ့တယ် .......။
No comments:
Post a Comment