ထမ်းထားရတာ လေးလွန်းလာလို့
ပခုံးထက်ကအထုပ်ကို ဖြည်ကြည့်တော့
အတိတ်က တင်ထားခဲ့တဲ့ သမိုင်းကြွေးတွေ ....
စိတ်လွတ်ကိုယ်လွတ် လောကကို ငေးကြည့်နေတုန်း
ကဗျာတွေ ပျံတက်သွားလိုက်
ပြိုဆင်းကျလာလိုက်နဲ့
အစုလိုက်အပြုံလိုက် ခံစားနေကြတဲ့ ဒီကောင်းကင်ထဲမှာ
ကျနော်ကတော့ ကိုယ့်ကိုယ်ကို ရေးခြစ်ပြဖို့
ဘာသာစကားတခုကို ရှာဖွေနေရတုန်း ....
အရောင်အသွေး ... တဲ့
အသွင်အပြင် ........ တဲ့
ဂုဏ်ပကာသန ...... တဲ့
ဆေးရောင်စုံတွေ ရက်ရက်စက်စက်လှတဲ့
ဒီဘက်ခေတ်လောကမှာ
ကျနော်ဟာ
ဇနပုဒ်က ပါးကွက်ကျား တကွက်ပါ .....
ကျနော့်မှာ ကျေးငှက်တွေ နားလည်တဲ့
သင်္ခါရတွေ ရှိတယ်
ကျနော့်မှာ မြူနှင်းတွေ မမြင်လိုက်ရတဲ့
ဖြူစင်ခြင်းတွေ ရှိတယ်
ကျနော့မှာ ခင်ဗျားတို့တယောက်မှ မသိတဲ့
ကိုယ်ပိုင် အိပ်မက်တွေရှိတယ်
ကျနော့စိတ်ကူးသံစဉ်တွေနဲ့ ဖွဲ့တည်ထားတဲ့
ကျနော့ကမ္ဘာဟာ
ခင်ဗျားတို့ မမြင်ဖူးလောက်ကို လှတယ်ဆိုရင်
ခင်ဗျားတို့ ငြင်းရဲလား .....။
ပခုံးထက်ကအထုပ်ကို ဖြည်ကြည့်တော့
အတိတ်က တင်ထားခဲ့တဲ့ သမိုင်းကြွေးတွေ ....
စိတ်လွတ်ကိုယ်လွတ် လောကကို ငေးကြည့်နေတုန်း
ကဗျာတွေ ပျံတက်သွားလိုက်
ပြိုဆင်းကျလာလိုက်နဲ့
အစုလိုက်အပြုံလိုက် ခံစားနေကြတဲ့ ဒီကောင်းကင်ထဲမှာ
ကျနော်ကတော့ ကိုယ့်ကိုယ်ကို ရေးခြစ်ပြဖို့
ဘာသာစကားတခုကို ရှာဖွေနေရတုန်း ....
အရောင်အသွေး ... တဲ့
အသွင်အပြင် ........ တဲ့
ဂုဏ်ပကာသန ...... တဲ့
ဆေးရောင်စုံတွေ ရက်ရက်စက်စက်လှတဲ့
ဒီဘက်ခေတ်လောကမှာ
ကျနော်ဟာ
ဇနပုဒ်က ပါးကွက်ကျား တကွက်ပါ .....
ကျနော့်မှာ ကျေးငှက်တွေ နားလည်တဲ့
သင်္ခါရတွေ ရှိတယ်
ကျနော့်မှာ မြူနှင်းတွေ မမြင်လိုက်ရတဲ့
ဖြူစင်ခြင်းတွေ ရှိတယ်
ကျနော့မှာ ခင်ဗျားတို့တယောက်မှ မသိတဲ့
ကိုယ်ပိုင် အိပ်မက်တွေရှိတယ်
ကျနော့စိတ်ကူးသံစဉ်တွေနဲ့ ဖွဲ့တည်ထားတဲ့
ကျနော့ကမ္ဘာဟာ
ခင်ဗျားတို့ မမြင်ဖူးလောက်ကို လှတယ်ဆိုရင်
ခင်ဗျားတို့ ငြင်းရဲလား .....။
No comments:
Post a Comment