Thursday, 19 March 2015

+++ ကိုယ်ပိုင်အလွဲ +++


ကိုယ့်ကိုယ်ကို ရေလောင်းပေါင်းသင်ခဲ့တာပါပဲ
ဒါပေမဲ့
အဆင်မပြေမှုတွေသာ ကြီးထွားလာကြတယ်
အသိတွေက ပွင့်ဖတ်ဖြစ်မလာကြဘူး ...

ရိတ်သိမ်းသိုလှောင်ခံထားရတဲ့
စိတ်ချမ်းမြေ့မှုတွေလဲ
ဘယ်အချိန်ကျမှ စိမ်းလန်းနိုင်ကြမယ်မသိသေး
အခုအချိန်အထိတော့ ကံကြမ္မာက မီးနီပြနေတုန်းပဲ ...

လောကမှာ
ငါရယ် အခြားသူရယ် ဆိုပြီး
နှစ်ယောက်ထဲ ရှိတာတောင်
ငါနဲ့ငါက
အခုအထိ သဟဇာတ မဖြစ်နိုင်သေးဘူး
လေတယ် ...

No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။