Thursday 19 March 2015

*** သေးမျှင်အတွက် စာတစောင် ***



  သေးမျှင်ရေ
" ကမ္ဘာမကြေ " အတူတူဆိုခဲ့ကြတဲ့
တခါက ရိုးမတောတန်းတွေ
အခုတော့
တရုတ်စကားတွေ မပီတပီ ပြောနေကြပြီ ... တဲ့
.................................
ပါးကွက်ကျားလေးနဲ့ မြန်မာလူငယ်တွေလဲ
တစ်နိုင်ငံလုံးနီးပါး ကိုးရီးယား ရောက်သွားကြပြီ ... တဲ့
....................................
ငြိမ်းချမ်းရေးသံစဉ်တွေ နားထောင်ရင်းနဲ့
ဟိုး ... အရှေ့စူးစူးအရပ်ကလူတွေလဲ
အိုးအိမ်တွေ မဲ့ကြရပြီ .. တဲ့
.....................................
တသက်လုံးပစ်ခတ်လာတဲ့ ကျုပ်ရဲ့သေနတ်ပြောင်းဝမှာ
ငြိမ်းချမ်းရေးလက်မှတ်တွေ မပါခဲ့ပေမဲ့
မြိုင်သာတဟ်ဝိုက်မှာတော့ ငြိမ်းချမ်းနိုင်ခဲ့တယ်မလား သေးမျှင် ..
....................................
လူထုအတွက် ၊ လူမျိုးအတွက်၊
ဒါမှမဟုတ်
ကိုယ့်ပြည်ကို ငြိမ်းချမ်းအုပ်ချုပ်နိုင်ရေးအတွက်လို့ ပြောနေသူတွေ ပါးစပ်မှာ
ဘာ့ကြောင့် ယမ်းနံ့တွေ ဝေနေရတာလဲ ...
.......................................
ကျုပ်တို့အသက်တွေလဲ ကြီးလှပါပြီ သေးမျှင်
နောင်တချိန်မှာ လောကကို တာဝန်ယူရမယ့်
နောင်တချိန်မှာ လောကကို လှပဖွံ့ဖြိုးစေမဲ့
ရိုးရိုးသားသား မျိုးဆက်သစ်တွေကို
လူမျိုးရေး ဘာသာရေးတွေနဲ့ သွေးခွဲမနေပါတော့နဲ့ကွယ်
ကျုပ်တို့ ငြိမ်းငြိမ်းချမ်းချမ်းလေး သေကြရအောင် ...။

No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။