အတိတ်တွေမေ့တဲ့ည
စိတ်တွေအိပ်တဲ့ည
ရီဝေဝေ အကြည့်တွေနဲ့
ကဗျာက ငါ့ကို ရေးသွားတယ် ....
မီးတောက်တွေကြားထဲ
အဖြူရောင်ပိုက်တစင်း ထိုးဆင်းလို့
စူးရှရှ bamboo light နဲ့
ငါ့ရဲ့ ညမူးခန်းကိုဖွင့်
ငါ အသင့်အတင့်တော့ ကျေနပ်မိသား ..
တစ်ခုံဝင် တစ်ခုံထွက်နဲ့
ငါရယ်
ငါ့အပေါင်းအဖော်များရယ်
အဖြူရောင် ဖန်ခွက်လေးတွေရယ်
မကြားတကြားစကားဖောင်ဖွဲ့သံတွေရယ် ကလွဲရင်
အပြေးအလွှားမီးတွေပိတ် တလောကလုံး အိပ်ကြပြီ ..
လူတွေရွေ့လျားသွားကြ
အချိန်တွေ ရွေ့လျားသွားကြ
ဟိုးအရှေဲအရပ်ဆီမှာလဲ
ရောင်နီပျိုးလို့ နေမင်းလဲနိုးပြီးတဲ့
နောက်ဆုံးမှတ်မိတဲ့
Tequila ပွေ့ဖက်ခြင်းနဲ့
အဲဒီညက ဘုံးဘုံးလဲ အိပ်ပျက်ခဲ့တယ် ...။
No comments:
Post a Comment