Thursday, 19 March 2015

ရောက်တတ်ရာရာ (၃)




ငါ 
အတိတ်နဲ့ ပစ္စုပ္ပန်တွေကြားမှာ လှော်ခတ်ရင်း
လက်ရှိဘ၀မှာ
ကိုယ့်အမည်ကိုယ် မဖော်နိုင်ခဲ့သူ ......

ငါ
ကိုယ့်လမ်းပေါ်မှာ
ကိုယ့်ရင်ဘတ်ကို ချနင်းရင်း
အသွေးအသားတွေက လှောင်ပြောခြင်းခံရသူ ....

ငါ
ရုပ်နာမ် နှစ်ပါးအကြားမှာ ကကြိုးသွယ်ခဲ့သူ ....

ငါ
ကိုယ့်ကိုယ်ကို ကြည့်နေသလောက်
ကိုယ့်ကိုယ်ကို မမြင်ရတဲ့သူ .....။

No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။