ငါ့ရင်တွေခုန်နေဆဲပါပဲ
ဒါပေမဲ့
ငါ အိပ်မက်တွေ မမက်တော့ဘူး
ညတွေအိပ်ရေးပျက်ရလွန်းလို့ပါ ...။
ငါ မင်းကို ချစ်နေဆဲပါပဲ
ဒါပေမဲ့
ငါ မျှော်လင့်ချက်မထားတော့ဘူး
ရင်ဘတ်တွေထိခိုက်နာကျင်ရတာ မကြည့်ရက်တော့လို့ပါ...။
မင်းနဲ့အတူ ဘဝကိုတည်ဆောက်ချင်စိတ်တွေ ရှိနေဆဲပါပဲ
ဒါပေမဲ့
ငါ အခိုင်အမာ ယုံကြည်မထားတော့ဘူး
မင်းရဲ့အနာဂတ်ထဲမှာ ငါ ရှိနိုင်မှာမဟုတ်လို့ပါ...။
မင်းရဲ့အပြုံးတွေကို တရှိုက်မတ်မတ် နမ်းချင်နေတုန်းပါပဲ
ဒါပေမဲ့
ငါ မတောင့်တ တော့ဘူး
ငါထက်သာတဲ့ဘဝထဲမှာ ဆက်ပီးပြုံးနေစေချင်လို့ပါ...။
ဖြတ်သန်းခဲ့ဖူးတဲ့ နေ့ညတွေကို သတိရမနေရင်လဲနေပါ
ဒါပေမဲ့
မေ့မပစ်လိုက်ပါနဲ့
ငါ ရူးသွပ်မသွားခင် အချိန်လေးအထိ မင်းကို စွဲလန်းနေချင်သေးလို့ပါ...။
သစ်ရွက်လင်း
26.03.2013 12:27 AM
No comments:
Post a Comment