ခရီးတွေက သံယောဇဉ်တွေနဲ့ အရောင်တင်ထားကြလေတော့
ဝေးမှန်းနီးမှန်း မသိသာလိုက်ဘူး
အပြန်လမ်းတွေကျတော့လဲ
အလွမ်းတွေခေါ်ဆောင်ရာနောက် လိုက်ရတာ
မျက်စိတမှိတ်အတွင်းမှာတင် မိုင်တိုင်ပေါင်းများစွာကို ဖြတ်ပီးခဲ့သလိုပဲ
မြင်လိုက်ချင်စမ်းတယ် မက်ဆေ့တကြောင်း
ဖတ်လိုက်ချင်စမ်းတယ် စာတပိုဒ်
တကယ်လက်တွေ့မှာတော့
ငါ့ကိုကြိုဆိုကြတဲ့ သတိရခြင်းတွေက
အမှောင်ထဲမှာပဲ လဲလျောင်းနေကြတယ်
ဟူးးးးးးးးးးးးးးးး
မျှော်ရသူဘဝ ... ပူပန်ရသူရဲ့သောက
လွယ်တော့မလွယ်လှဘူးပဲ ..။
ဘယ်နေရာမှာလဲဆိုတာ မှန်းဆလို့ ရပေမဲ့
ဘာတွေလုပ်ပီး ဘယ်လိုတွေဖြစ်နေလဲဆိုတာ
တမ်းတမ်းကြည့်ရုံနဲ့ မသိနိုင်တော့လဲ
လွမ်းရင်းမော ... မောရင်းလွမ်းပေါ့လေ။
သစ်ရွက်လင်း
12.04.2013 at 11:30 PM
No comments:
Post a Comment