Friday, 6 December 2013

အပျင်းပြေ


အစပိုင်းမှာပေါ့
မင်းလိုအပ်တဲ့အချိန် ကပြဖို့
ငါ့ဘဝကို အရုပ်ဖြစ်စေခဲ့တယ်
အဲဒါကိုပဲ မင်းကိုချစ်တဲ့ အချစ်လို့ ငါထင်ထားခဲ့တယ်
တကယ်တမ်းစဉ်းစားကြည့်ပြန်တော့
အဲဒါ အချစ်မဟုတ်သေးဘူး
မင်းလဲ ငါ့ကို ချစ်တယ် လို့ ပြောပေမဲ့
တကယ်ချစ်တာမဟုတ်သေးပါဘူး
မင်းအတွက် အပျင်းပြေ ပါ

တဖြည်းဖြည်းနဲ့ မင်းကို ငါ တကယ်ချစ်လာတဲ့အချိန်
အချစ်ဆိုတာ ကို ငါ နားလည်လာတယ်
အချစ်ဆိုတာ တကယ်တော့ "ရလိုမှု"
ဟုတ်တယ် အချစ်ဆိုတာ လိုချင်မှု သက်သက်ပါပဲ
သူနဲ့ပတ်သက်လာရင် အရာရာလိုချင်တယ်
သူ့ရဲ့ ဂရုစိုက်မှု ၊ အလေးထားမှု၊ စသည်စသည်ဖြင့် အရာအရာတိုင်းက ကိုယ်ပဲဖြစ်ချင်လာတယ်
အဲဒါအချစ်ပဲ

 
အဲဒီတော့
စတွေ့တုန်းခါစ အစပိုင်းတုန်းကလိုပဲ
မင်းအပေါ်မှာအဆင်ပြေသလောက် ဖြည့်စည်းပေးခြင်းမျိုးနဲ့ နေတတ်ဖို့ကို ငါ ဦးတည်ရတော့မယ်
အဲဒါမှ မင်းရဲ့အပျင်းပြေအဆင့်နဲ့ ညီလိမ့်မယ်
ဒါမှသာ ငါရော မင်းရော အဆင်ပြေကြမယ်ထင်တယ်

အိုကေ အချစ်ရေ
ငါတို့ရဲ့ အစဦးပိုင်းကိုပဲ ပြန်သွားကြပါစို့ ..။





No comments:

Post a Comment

လာလည်တဲ့ သူငယ်ချင်းများကို 'သစ်ရွက်ကြေ' မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။ လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ လိုအပ်နေတာလေးတွေပို ဖြည့်စွက်အကြံပေးခြင်းအားဖြင့် ကျနော့ကိုကူညီပါ။ လိုအပ်ချက်များကို ထောက်ပြဝေဘန်ခြင်းဖြင့် အချင်းချင်းပညာဖလှယ်ပါ။