အချစ်ရေ
အိပ်မက်တစ်ခု ပြဇာတ်တပုဒ်ဆိုသလိုပါပဲ
ငါမက်တဲ့အိပ်မက်မှာ အပူငွေ့တွေမထင်ဟပ်စေဖို့
ငါ
ပြဇာတ်တွေ ကခဲ့ရတယ်။
တကယ်တော့
ငါ့ဘေးနားမှာ ဝိုင်းရံနေတာက
အပူရှိန်ခပ်ပြင်းပြင်း မိးတောက်တွေ
ဒါပေမဲ့
ငါ့ကိုယ်ငါ ရေခဲရိုက်ပြီး
မင်းရှေ့အရောက် အေးမြပြခဲ့တာ
မင်းကို သိပ်တွေ့ချင်လွန်းခဲ့လို့ပါ။
ဆည်းဆာတွေငိုချင်လောက်အောင်ကို
မင်း သိပ်လှတယ် အချစ်ရယ်
ကိုယ့်ကိုယ်ကို လိပ်ပြာမလုံနိုင်လောက်တဲ့ ရင်ခုန်ခြင်းတွေနဲ့
နှုတ်ဆက်အနမ်း ပေးမိတော့
မင်း သိပ်လှတယ် အချစ်ရယ်
ကိုယ့်ကိုယ်ကို လိပ်ပြာမလုံနိုင်လောက်တဲ့ ရင်ခုန်ခြင်းတွေနဲ့
နှုတ်ဆက်အနမ်း ပေးမိတော့
မင်း ပြုံးနေတယ်။
"နှစ်ရက်"ထဲဆိုပေမဲ့
ငါ့အတွက်တော့ "နှစ်ကမ္ဘာ" မကခဲ့ပါဘူး
မင်းပြောတဲ့ အိပ်ယာဝင်ပုံပြင်တွေနဲ့ ငါ အိပ်စက်ခဲ့ရသလို
ငါ နိုးထလာတဲ့အခါလဲ မင်းရဲ့အပြုံးလေးတွေပဲ အရင်ဆုံးတွေ့ခွင့်ရတယ်
ကျေးဇူးပါ အချစ်ရယ်။
ငါ့အတွက်တော့ "နှစ်ကမ္ဘာ" မကခဲ့ပါဘူး
မင်းပြောတဲ့ အိပ်ယာဝင်ပုံပြင်တွေနဲ့ ငါ အိပ်စက်ခဲ့ရသလို
ငါ နိုးထလာတဲ့အခါလဲ မင်းရဲ့အပြုံးလေးတွေပဲ အရင်ဆုံးတွေ့ခွင့်ရတယ်
ကျေးဇူးပါ အချစ်ရယ်။
ခွဲခွါချိန်မရောက်သေးခင်အထိ
ငြိတွယ်နေချင်သေးတာ ငါ့ရဲ့လောဘတွေပါ
ငါ့ကိုမချစ်ဘူးလို့ ခဏခဏပြောတတ်တဲ့ မင်းနှုတ်ခမ်းလေးတွေက
ငါ နမ်းလိုက်တိုင်း သိပ်ကိုချိုမြိန်လွန်းနေတယ်
ငါ ရူးပီးထင်တယ် အချစ်ရေ
ငြိတွယ်လို့ကောင်းနေတုန်းပဲ။
No comments:
Post a Comment